| သမိုင်းကြောင်း |
| စာကြည့်တိုက်သိမှတ်ဖွယ်ရာ |
| အချက်အလက်ရှာဖွေမှု |
| သတင်းနှင့်လှုပ်ရှားမှုများ |
| သိမှတ်ဖွယ်ရာအချက်အလက်များ |
| ရည်ညွှန်းလုပ်ငန်း |
| ဆွေးနွေးမေးမြန်း |
| ၀န်ဆောင်မှုများ |
| စာစုစာရင်း |
| အခြားစာကြည့်တိုက်များ |
စာကြည့်တိုက်သိမှတ်ဖွယ်ရာ
| - | နိုင်ငံအတွင်းထုတ်ဝေသမျှ စာအုပ်စာတမ်းများကို “ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ" အရ တစ်အုပ်စီရရှိသည့် စာကြည့်တိုက်ဖြစ်ခြင်း၊ |
| - | မြန်မာနိုင်ငံထုတ် စာအုပ်စာတမ်းများအားလုံးကို စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း၊ |
| - | မြန်မာနိုင်ငံအမျိုးသား စာစုစာရင်း ပြုစုထုတ်ဝေခြင်း၊ |
| - | အရှေ့တောင်အာရှဒေသမှ စာစုများကိုရယူစုဆောင်း၍ အများပြည်သူတို့အားဖြန့်ဝေခြင်း၊ |
| - | မြန်မာနိုင်ငံထုတ်စာနယ်ဇင်းအညွှန်းများနှင့် စာစုစာရင်းများကို ပြုစုထုတ်ဝေခြင်း၊ |
| - | စာကြည့်တိုက်ဆိုင်ရာသတင်းအချက်အလက်၊ နည်းပညာများမြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ |
| - | ရည်ညွှန်းစာအုပ်စာတမ်းများ၊ ပေ၊ ပုရပိုက် လက်ရေးစာများ၊ ရှားပါး စာအုပ်စာတမ်းများ၊ စာနယ်ဇင်း များ၊ မြန်မာနိုင်ငံအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာအုပ်များ၊ ကုလသမဂ္ဂ ထုတ် စာအုပ်များ စုဆောင်းထားရှိခြင်းနှင့် ၀န်ဆောင်မှုပေးခြင်း၊ |
| - | ကက်တလောက်ကတ်ပြားများမှ စာရှာသောစနစ်
(Card Catalogue System) အပြင် ကွန်ပျူတာ နှင့် ချိတ်ဆက်စာရှာသောစနစ် (Online Public Access Catalogue System-OPAC) ဖြင့် အီလက်ထရောနစ်စာအုပ်များ (e-books)၊ အီလက်ထရောနစ်သတင်းစာများ (e-newspapers)၊ အီလက်ထရော နစ်ဂျာနယ်များ (e-journals and magazines) စသည်တို့ကို ရှာဖွေနိုင်ခြင်း၊ |
| - | ပြည်ပနိုင်ငံ(၁၈)နိုင်ငံမှ အမျိုးသားစာကြည့်တိုက်များနှင့် စာအုပ်စာနယ်ဇင်းများ လဲလှယ်ခြင်း၊ |
| - | ဒေသတွင်းစာကြည့်တိုက်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ |
| - | အင်တာနက်သုံးစွဲနိုင်သော စာကြည့်တိုက်ဖြစ်ခြင်း၊ |