ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်မှ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်း။

07/18/26

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်မှ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်း။



    ၁၈.၇.၂၀၂၆ ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဝန်ထမ်းများအားတွေ့ဆုံခြင်းနှင့်လမ်းညွှန်ဩဝါဒအမှာစကားပြောကြားခြင်းအခမ်းအနားကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူးဒေါက်တာကေသီအေးက အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။  ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦမောင်မြင့်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ လမ်းညွှန်ဩဝါဒအမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော်တို့သည် စာကြည့်တိုက်အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။



































အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

  ( ၁၈.၇.၂၀၂၆ )