အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အအုံအား ကမ္ဗည်းမော်ကွန်းတပ်ဆင်ခြင်း အခမ်းအနားကျင်းပခြင်း။

11/23/22

(၁၅-၁၁-၂၀၂၂)    

    

    အမျိုးသားစာကြည့်တိုက် အဆောက်အအုံအား ကမ္ဗည်းမော်ကွန်းတပ်ဆင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် ၃၁လမ်းနှင့် ၃၂လမ်းကြား ကုန်သည်လမ်းမပေါ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အဆောက်အဦး၌ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး စည်ပင်သာယာရေးကော်မတီ  ဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်) နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း။


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကမ္ဗည်းမော်ကွန်းကြေးပြားအား

စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခြင်း။          


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကမ္ဗည်းမော်ကွန်းကြေးပြားအား အောင်သပြေခက်ဖြင့် 

အမွှေးနံ့သာရည်များပက်ဖျန်းပေးခြင်း။